Tuesday, October 13, 2015

(>‿◠)✌

ကျွန်တော်တို့ ဂီတနဲ့ အနီးစပ်ဆုံးပြောပါဆိုရင်တော့ Hip-Hop လို့ပဲပြောရမယ်။
ပွင့်ပွင့်လင်းလင်း ကိုယ့်ရဲ့အမြင်တွေ၊ ခံစားချက်တွေကို ချပြတယ်။ Street Life ယဉ်ကျေးမှုချင်းလည်းတူတယ်။
...............
(တစ်ခုတော့ ရှိတယ် ရေပေါ်ဆီ Hip-Hop သမားတွေကိုတော့ ဆိုလိုတာမဟုတ်ဘူး။)
အောင်မြင်မှုတွေ၊ ငွေကြေးတွေထက် မိမိတို့ရဲ့ လူအဖွဲ့အစည်းအပေါ် သုံးသပ်ချက်တွေ၊ မတရားမှုအမြင်တွေ၊ ရဲတွေရဲ့ အကျင့်ပြတ်မှုတွေနဲ့ လူငယ်နဲ့ လွတ်လပ်မှုတွေအကြောင်းကို အသားပေးတဲ့ Hip-Hop မျိုးတွေကို ကျွန်တော်အရမ်းကြိုက်ပါတယ်။
............
ကျွန်တော်ကတော့ ဂီတမခွဲခြားဘူး အကုန်နားထောင်ပါတယ်။
အထူးသဖြင့် တော်လှန်ရေးအမြင်ရှိတဲ့ သီချင်းတွေကိုပိုမိုကြိုက်ပါတယ်။
ကျွန်တော်ကြိုက်နှစ်သက်မိတဲ့ သီချင်းတွေ ဘာတွေနဲ့ပဲ တီးထားပါစေ.. ဂရုစိုက်မှာမဟုတ်ပါဘူး။ CD ခွေဖွင့်ပြီးဆိုကြလည်း ကြိုက်မှာပါပဲ။
ကျွန်တော်ကြိုက်တာ သူတို့ရဲ့ ရင်ဘတ်၊ နှလုံးသားထဲက လာတဲ့ခံစားမှုကိုပါ။
ဂီတကို ဖန်တီးတဲ့ အပေါ်ယံပစ္စည်းတွေ မဟုတ်ပါဘူး။
.............
ကျွန်တော့် တစ်ကိုယ်တော်အရ ကျွန်တော့်ရှေ့မှာ ဂီတနဲ့ပတ်သတ်ရာ ပစ္စည်းတစ်ခုခုကို ကျွမ်းကျင်တတ်မြောက်စွာတီးပြ၊ ဆိုပြနိုင်လည်း ကျွန်တော်အထင်ကြီးမှာ မဟုတ်ပါဘူး။
သူ့ရင်ထဲက ဖော်ပြမှုကိုသာ အဓိကထားတာပါ။
ဂီတာကြီး ကျွမ်းပြန်အောင်တီးပြီး နှာဘူးသီချင်းတွေ ဆိုပြတတ်တဲ့ လူထက်၊
တော်လှန်ရေးအမြင်ရှိတဲ့ ခံစားမှုကိုသာ ကြိုက်တာပါ။
................
ဂီတကို ခွဲခြားပြီး ဆက်ဆံတဲ့လူတွေကိုလည်း အမြင်ကျဉ်းမြောင်းတဲ့
ဂီတဖက်ဆစ်သမားတွေလို့မြင်ပါတယ်။

ပန့်​ခ်​အ​တွေး(၄)

ဟုတ်တယ်။
ကျုပ်တို့က ဆောက်ဆင့်မရှိတဲ့ ပန့်ခ်တွေ...
တကယ်ကို ဘာဆောက်ဆင့်မှ မရှိဘူး။
(သို့ပေမယ့်လည်း)
လူလူချင်း အဆင့်အတန်းအမြင်တွေနဲ့ ခွဲခြားပြီးကြည့်တတ်တဲ့
ဘောင်ထဲက လူတွေထက်တော့ လွတ်လပ်ပါတယ်။
-Rebel-

PuNk History

Punk သမိုင်းကြောင်းကို ပြောရမယ်ဆိုရင် (၁၉၇၆-၁၉၇၇) ခုနှစ်တွေ အတွင်း အင်္ဂလန်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှာ အပြိုင်အဆိုင် မီးဟုန်းဟုန်းတောက် သန္ဓေတည် မွေးဖွားခဲ့ပါတယ်။
Punk သမိုင်းကြောင်းနှင့် ပတ်သတ်ရင် Punk လေ့လာလိုက်စားသူတွေ၊ Punk သမားတစ်ချို့တွေမှာ ငြင်းခုံမှုတွေရှိနေကြပါတယ်။
အဲ့ဒါတွေကတော့ တစ်ချို့တွေက အမေရိကားက စပေါ်လာတာ၊
တစ်ချို့တွေကျပြန်တော့ အင်္ဂလန်က စပေါ်လာတာဆိုပြီး ငြင်းခုံမှုတွေရှိခဲ့ကြပါတယ်။
...............................
ဘယ်နိုင်ငံကဘဲ စပေါ်လာတာဘဲ ဖြစ်စေ၊ နောက်ဆုံး Punk ဆိုတာကို တစ်ကမ္ဘာလုံးမှာ ခင်ဗျားတို့မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါပြီ။
ကျွန်တော် လေ့လာထားသလောက် Punk သမိုင်းကြောင်းကို ပြောရမယ်ဆိုရင် ၁၉၇၆ ခုနှစ်အတွင်း အမေရိကားမှာ The Ramones လို့ခေါ်တဲ့
Punk Rocker တီးဝိုင်းတစ်ဝိုင်း စတင်ပေါ်ထွက်လာခဲ့ပါတယ်။
သူတို့ရဲ့ “Rock N Roll” အခြေခံ ဂီတစတိုင် သီချင်းတွေဟာ လူငယ်အသိုင်းအ၀ိုင်းကြားထဲမှာ တဟုန်ထိုး ရေပန်းစားလာခဲ့ပြီး Punk ဆိုတဲ့ အကြမ်းထည်ကောက်ကြောင်းလေး စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။
၁၉၇၇ အတွင်းမှာကျတော့ အင်္ဂလန်နိုင်ငံမှာ လူငယ်လေးယောက် ပါဝင်တဲ့ The Sexpistols ဆိုတဲ့ Punk တီးဝိုင်းလည်း အပြိုင်ပေါ်ထွက်လာခဲ့ပါတယ်။
...............
အဲ့ဒီ The Ramones လို့ခေါ်တဲ့ အမေရိကန် တီးဝိုင်းနဲ့ The Sexpistols လို့ခေါ်တဲ့ အင်္ဂလန် တီးဝိုင်း တို့မှာ ကွဲပြားခြားနားတဲ့ ဖက်ရှင်စတိုင်တွေ၊
ဂီတ ဟန်တွေ နဲ့ တစ်ခြားသော အသွင်ပုံစံကွဲလေးတွေ ရှိခဲ့ကြပါတယ်။
မည်သို့ပင် ကွဲပြားခြားနားမှု ဖြစ်ပါစေ၊ လည်းကောင်းတို့ရဲ့ ဂီတစတိုင်၊ ၀တ်စားဆင်ယင်မှုတွေမှတဆင့် ထိုခေတ်၊ ထိုအခါက အနာဂတ်ပျောက်နေကြသော လူငယ်တွေအများစု အတွက် Punk ဆိုတာ ဘ၀လမ်းကြောင်းအဖြစ် ရင်ထဲကို ရောက်ရှိစေခဲ့ပါတယ်။
....................
၁၉၇၀ နှောင်းပိုင်းကာလများမှာတော့ The Ramones, The Sexpistols စတဲ့ တီးဝိုင်းတွေကို အခြေခံပြီးတော့ အခြားသော Punk တီးဝိုင်းတွေလည်း အပြိုင်အဆိုင် ပေါ်ပေါက်လာခဲ့ကြပါတယ်။ Punk ရဲ့ အခြေခံ အနှစ်သာရများကတော့ လူတန်းစားကွာဟမှု ပြသနာများ၊ နိုင်ငံရေး ဖိနှိပ်မှု၊ စီးပွားရေးမညီမျှမှုများနှင့်
အလုပ်သမားလူတန်းစား၊ အောက်ခြေလူတန်းစားများရဲ့ဘ၀၊ အရင်းရှင်စနစ် ဆန့်ကျင်မှု၊ အစရှိတဲ့ အကြောင်းအရာတွေကို အခြေခံပြီး သီဆိုလေ့ရှိပါတယ်။
..............
၁၉၇၀ နှောင်းပိုင်းမှာဘဲ The Sexpistols ဆိုတဲ့ တီးဝိုင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ပြိုကွဲခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဂျာနယ်တွေ၊
သတင်းစာတွေ နှင့် တစ်ခြားသော မီဒီယာတွေ တော်တော်များများမှာ
Punk သေသွားပြီ၊ (Punk is dead) ဆိုပြီး အမျိုးမျိုးသမုတ်ကြပါတယ်။
အဲ့ဒီနောက် ၁၉၈၀ ပြည့်နှစ်အစောပိုင်းကာလ လောက်မှာဘဲ “The Exploited” လို့ခေါ်တဲ့ အင်္ဂလန်နိုင်ငံမှ Street Punk တီးဝိုင်းတစ်ဝိုင်း
ပေါ်ထွက်လာခဲ့ပြီး ပထမဆုံး Single album ဖြစ်တဲ့ Punk Not Dead ဆိုတဲ့ အယ်လ်ဘမ် တစ်ချပ် ကို စတင်ထုတ်ခဲ့ပြီးတော့ Punk လောကကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အပြိုင်အဆိုင်တီးဝိုင်းတွေ အမျိုးမျိုးပေါ်ထွက်လာခဲ့ကြပြီးတော့ Punk လှုပ်ရှားမှု ပိုမိုအားကောင်းလာစေခဲ့ပါတယ်။
..................
အဲ့ဒီနေရာမှာ ကျွန်တော်တစ်ခုပြောချင်တာက (၁၉၇၆ မှ ၁၉၈၀) မတိုင်ခင်အချိန်ထိ ပေါ်ထွက်လာခဲ့ကြတဲ့ Punk လှုပ်ရှားမှုတွေကို First wave punk ပထမ လှိုင်း Punks တွေလို့ခေါ်ဝေါ်ကြပြီး၊ ၁၉၈၀ မှ နောက်ပိုင်းကာလများထိ ပေါ်ပေါက်လာခဲ့ကြတဲ့ Punk လှုပ်ရှားမှုတွေကိုကျတော့ Second wave punk
ဒုတိယလှိုင်း Punk တွေလို့ခေါ်ဝေါ်ခဲ့ကြပါတယ်။ ပြီးတော့ Second wave punk တွေကို Street Punk ရဲ့ အစ Punk သမားတွေအဖြစ်သတ်မှတ်ကြပါတယ်။
....................
Mohawk တွေ၊ Studs တွေ ရိုက်နှိပ်ထားတဲ့ လည်သာဂျာကင်တွေ၊ Spikes တွေနဲ့ အမေရိကန် စစ်ဖိနပ်ရှည်တွေ ၀တ်စားဆင်ယင်ကြပြီး ဂီတပုံစံတွေ ဆိုရင်လည်း ပထမ လှိုင်း Punk တွေနဲ့ တော်တော်ကို ကွဲပြားခဲ့ပါတယ်။ အဲ့ဒီ ပထမ လှိုင်း Punk (first wave punk) ဒုတိယ လှိုင်း Punk (second wave punk) တွေကို အခြေခံပြီးတော့ဘဲ ၁၉၈၀ နောက်ပိုင်းမှာတော့ အခြားအခြားသော Punk ဂီတပုံစံကွဲ အသစ်တွေ ဖြစ်တဲ့ Post Punk, Emo, Horror, Skate Punk, Psychobilly, new wave အစရှိတဲ့ Punk မျိုးကွဲပေါင်းမြောက်များစွာ ပေါ်ပေါက်လာခဲ့ပြီးတော့ ယနေ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံမျိုးစုံကို နည်းအမျိုးမျိုးနဲ့ ၀င်ရောက်ခဲ့ပြိးတော့ Punk ဆိုတာ လူငယ်တွေကြားမှာ စီးမျောခဲ့ပါတယ်။
-Rebel-
Credit ko kyaw

ပန့်​အ​တွေး(၃)

တခါတလေ ပန့်ခ် မုန်းတီးရေးသမားတွေက ကျွန်တော်တို့ကို တိုက်ခိုက်နေကြ စကားလုံးလေးတွေရှိတယ်။
ဘာတဲ့...? ဒီကောင်တွေ ပန့်ခ် လုပ်နေတာ လူရှိန်ချင်လို့တို့..
ဆော်ကြည်ခံချင်လို့တို့ ဘာတို့လိုမျိုး...
.....
ပန့်ခ် ဖြစ်နေတာ လူရှိန်လို့လား?? ဘယ်သူမှ မရှိန်ပါဘူး။
ရှိန်တဲ့လူတွေ ရှိခဲ့ရင်လည်း အဲ့ဒီလူတွေက စိတ်ဓာတ်ခွန်အားနည်းနေလို့ဖြစ်ရမယ်။
.....
ပန့်ခ် ဖြစ်နေတာ ဆော်ကြည်လို့လား? မကြည်ပါဘူး။ နှာခေါင်းတောင်
ရှုံ့သွားကြသေး..
ကြည်တဲ့လူတွေ ရှိခဲ့ရင်လည်း ကျွန်တော်တို့ရဲ့ ပင်ကိုယ် ဥပဓိရုပ်ကြောင့်ပါလို့...(ˆ▽ˆ)
-Rebel-

ပန့်​ခ်​အ​တွေး(၂)

ဟုတ်တယ်... ကျုပ်တို့ဟာ ယုံကြည်မှုကင်းမဲ့နေတဲ့ လူ့အဖွဲ့အစည်းအတွက်တော့ အသုံးမကျတဲ့ အမှိုက်တွေ။
ဒါပေမယ့် ကျုပ်တို့ ဘယ်တော့မှ ကိုယ့်ကိုယ်ကို မရောင်းစားဘူး။
ရာထူး၊ အာဏာ၊ စည်းစိမ်တွေ အတွက်လည်း မိတ်ဆွေချင်း ဘယ်တော့မှ
သစ္စာမဖောက်ဘူး။
...........
ကျုပ်တို့ဟာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေ၊ စနစ်တွေ၊
စည်းမျဉ်း စည်းကမ်းတွေကို ရွံ့ရှာစက်ဆုပ်နေတဲ့ကောင်တွေလေ....
တောထွက်ရှောင်ပြေးတဲ့ လမ်းစဉ်ကိုလည်း အယုံအကြည်မရှိဘူး။
မြို့ပေါ်မှာဘဲ ကျုပ်တို့ဟာ မတရားမှုမှန်သမျှ ဆန့်ကျင်တယ်၊ ဖီဆန်တယ်၊ တော်လှန်တယ်၊
ပုန်ကန်တဲ့ မြို့ပြ သူပုန်တွေဘဲ။
.............
ခင်ဗျားတို့ကစားနေကြတဲ့ နိုင်ငံရေး ကစားကွက်တွေထဲမှာလည်း
သားကောင်ဘယ်တော့မှ မဖြစ်စေရဘူး။
ကျုပ်တို့မှာ ကိုယ်ပိုင်ဖွံ့ဖြိုးရဲတဲ့ ပင်ကိုယ်ဗီဇတွေ ပါလာပြီးသား။
အမှန်အမှားကို ကျုပ်တို့ဘာသာ ဆုံးဖြတ်တယ်။
ဘယ်လူ့အဖွဲ့အစည်းရဲ့ စံတန်ဖိုးတွေကိုမှ အယုံအကြည်မရှိဘူး။
ကျုပ်တို့ဟာ ဘာလဲဆိုတာကိုတော့ ခင်ဗျားကို နားလည်အောင် ရှင်းပြလို့မ၇ဘူး။
ကျုပ်တို့ထဲမှာ အရောင်အသွေးစုံ၊ လူမျိုးစုံ၊ ဘာသာစုံ၊ နယ်နမိတ်အစုံက
လူတွေဟာ လူသားဆိုတဲ့ ဦးတည်ချက်တစ်ခုတည်းနဲ့ဘဲ ခရီးဆက်နေကြလို့.....
ကျုပ်တို့ဟာ ကျုပ်တို့ဘဲလို့ ခင်ဗျားကို (ဒါဘဲ) ရှင်းပြနိုင်လိမ့်မယ်။
Punk Not Dead!
-Rebel-
Creditကို​ကျော်

ပန့်​ခ်​အ​တွေး(၁)

ပန့်ခ်အတွေးအခေါ်အယူအဆ၊ ခံယူချက်၊
ဘ၀နေထိုင်မှု၊ သီချင်းနားထောင်၊
လေ့လာမှုအားတွေ မပါလာသေးသမျှတော့
ဆံပင်မိုးပေါ် တံထောင်လောက်ထောင်ထောင်၊
စစ်ဖိနပ်လည်ရှည်စီးစီး၊ အချွန်အတက်တွေဝတ်ဝတ်
ဒါဟာ Poser ပန့်ခ်ကောင်
(သို့) အယောင်ဆောင် ပန့်ခ်ကောင်တစ်ကောင်ပဲ။
-Rebel-

Wifi kill

လက်​ဖက်​ရည်​ဆိုင်​မှာwifiသုံးတဲ့သူ​တွေဒီ​ဆော့ဝဲလ်​​လေးကိုအသုံးပြုရင်အရမ်းအဆင်​​ပြေပါတယ်
ဒီ​​ကောင်ကိုအသုံးပြုထားရင်wifiလိုင်းကမိမိဖုန်းတစ်လုံးထဲ​လိုင်းေ​ကာင်း​​နေမှာပါကျန်တဲ့ဖုန်းေ​​တွကိုသုံးမရ​အောင်သူကလုပ်​​ပေးတယ်ေ​ပါ့
ဆိုင်ရှင်သိရင်​​တော့အဆဲခံ​​နေရမယ်ေ​နာ် ​O﹏o
ဒီေ​ကာင်ကိုအသုံးပြုမယ်ဆိုရင်မိမိဖုန်းမှာRoot​​ဖောက်ထားဖို့လိုမယ်ေ​နာ်​ဒေါင်းရန်​လင့်​>>>
https://db.tt/s7XpG2Rz