Tuesday, October 13, 2015

ပန့်​ခ်​အ​တွေး(၂)

ဟုတ်တယ်... ကျုပ်တို့ဟာ ယုံကြည်မှုကင်းမဲ့နေတဲ့ လူ့အဖွဲ့အစည်းအတွက်တော့ အသုံးမကျတဲ့ အမှိုက်တွေ။
ဒါပေမယ့် ကျုပ်တို့ ဘယ်တော့မှ ကိုယ့်ကိုယ်ကို မရောင်းစားဘူး။
ရာထူး၊ အာဏာ၊ စည်းစိမ်တွေ အတွက်လည်း မိတ်ဆွေချင်း ဘယ်တော့မှ
သစ္စာမဖောက်ဘူး။
...........
ကျုပ်တို့ဟာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေ၊ စနစ်တွေ၊
စည်းမျဉ်း စည်းကမ်းတွေကို ရွံ့ရှာစက်ဆုပ်နေတဲ့ကောင်တွေလေ....
တောထွက်ရှောင်ပြေးတဲ့ လမ်းစဉ်ကိုလည်း အယုံအကြည်မရှိဘူး။
မြို့ပေါ်မှာဘဲ ကျုပ်တို့ဟာ မတရားမှုမှန်သမျှ ဆန့်ကျင်တယ်၊ ဖီဆန်တယ်၊ တော်လှန်တယ်၊
ပုန်ကန်တဲ့ မြို့ပြ သူပုန်တွေဘဲ။
.............
ခင်ဗျားတို့ကစားနေကြတဲ့ နိုင်ငံရေး ကစားကွက်တွေထဲမှာလည်း
သားကောင်ဘယ်တော့မှ မဖြစ်စေရဘူး။
ကျုပ်တို့မှာ ကိုယ်ပိုင်ဖွံ့ဖြိုးရဲတဲ့ ပင်ကိုယ်ဗီဇတွေ ပါလာပြီးသား။
အမှန်အမှားကို ကျုပ်တို့ဘာသာ ဆုံးဖြတ်တယ်။
ဘယ်လူ့အဖွဲ့အစည်းရဲ့ စံတန်ဖိုးတွေကိုမှ အယုံအကြည်မရှိဘူး။
ကျုပ်တို့ဟာ ဘာလဲဆိုတာကိုတော့ ခင်ဗျားကို နားလည်အောင် ရှင်းပြလို့မ၇ဘူး။
ကျုပ်တို့ထဲမှာ အရောင်အသွေးစုံ၊ လူမျိုးစုံ၊ ဘာသာစုံ၊ နယ်နမိတ်အစုံက
လူတွေဟာ လူသားဆိုတဲ့ ဦးတည်ချက်တစ်ခုတည်းနဲ့ဘဲ ခရီးဆက်နေကြလို့.....
ကျုပ်တို့ဟာ ကျုပ်တို့ဘဲလို့ ခင်ဗျားကို (ဒါဘဲ) ရှင်းပြနိုင်လိမ့်မယ်။
Punk Not Dead!
-Rebel-
Creditကို​ကျော်

No comments:

Post a Comment