Punk သမိုင်းကြောင်းကို ပြောရမယ်ဆိုရင် (၁၉၇၆-၁၉၇၇) ခုနှစ်တွေ အတွင်း အင်္ဂလန်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှာ အပြိုင်အဆိုင် မီးဟုန်းဟုန်းတောက် သန္ဓေတည် မွေးဖွားခဲ့ပါတယ်။
Punk သမိုင်းကြောင်းနှင့် ပတ်သတ်ရင် Punk လေ့လာလိုက်စားသူတွေ၊ Punk သမားတစ်ချို့တွေမှာ ငြင်းခုံမှုတွေရှိနေကြပါတယ်။
အဲ့ဒါတွေကတော့ တစ်ချို့တွေက အမေရိကားက စပေါ်လာတာ၊
တစ်ချို့တွေကျပြန်တော့ အင်္ဂလန်က စပေါ်လာတာဆိုပြီး ငြင်းခုံမှုတွေရှိခဲ့ကြပါတယ်။
...............................
ဘယ်နိုင်ငံကဘဲ စပေါ်လာတာဘဲ ဖြစ်စေ၊ နောက်ဆုံး Punk ဆိုတာကို တစ်ကမ္ဘာလုံးမှာ ခင်ဗျားတို့မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါပြီ။
ကျွန်တော် လေ့လာထားသလောက် Punk သမိုင်းကြောင်းကို ပြောရမယ်ဆိုရင် ၁၉၇၆ ခုနှစ်အတွင်း အမေရိကားမှာ The Ramones လို့ခေါ်တဲ့
Punk Rocker တီးဝိုင်းတစ်ဝိုင်း စတင်ပေါ်ထွက်လာခဲ့ပါတယ်။
သူတို့ရဲ့ “Rock N Roll” အခြေခံ ဂီတစတိုင် သီချင်းတွေဟာ လူငယ်အသိုင်းအ၀ိုင်းကြားထဲမှာ တဟုန်ထိုး ရေပန်းစားလာခဲ့ပြီး Punk ဆိုတဲ့ အကြမ်းထည်ကောက်ကြောင်းလေး စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။
၁၉၇၇ အတွင်းမှာကျတော့ အင်္ဂလန်နိုင်ငံမှာ လူငယ်လေးယောက် ပါဝင်တဲ့ The Sexpistols ဆိုတဲ့ Punk တီးဝိုင်းလည်း အပြိုင်ပေါ်ထွက်လာခဲ့ပါတယ်။
...............
အဲ့ဒီ The Ramones လို့ခေါ်တဲ့ အမေရိကန် တီးဝိုင်းနဲ့ The Sexpistols လို့ခေါ်တဲ့ အင်္ဂလန် တီးဝိုင်း တို့မှာ ကွဲပြားခြားနားတဲ့ ဖက်ရှင်စတိုင်တွေ၊
ဂီတ ဟန်တွေ နဲ့ တစ်ခြားသော အသွင်ပုံစံကွဲလေးတွေ ရှိခဲ့ကြပါတယ်။
မည်သို့ပင် ကွဲပြားခြားနားမှု ဖြစ်ပါစေ၊ လည်းကောင်းတို့ရဲ့ ဂီတစတိုင်၊ ၀တ်စားဆင်ယင်မှုတွေမှတဆင့် ထိုခေတ်၊ ထိုအခါက အနာဂတ်ပျောက်နေကြသော လူငယ်တွေအများစု အတွက် Punk ဆိုတာ ဘ၀လမ်းကြောင်းအဖြစ် ရင်ထဲကို ရောက်ရှိစေခဲ့ပါတယ်။
....................
၁၉၇၀ နှောင်းပိုင်းကာလများမှာတော့ The Ramones, The Sexpistols စတဲ့ တီးဝိုင်းတွေကို အခြေခံပြီးတော့ အခြားသော Punk တီးဝိုင်းတွေလည်း အပြိုင်အဆိုင် ပေါ်ပေါက်လာခဲ့ကြပါတယ်။ Punk ရဲ့ အခြေခံ အနှစ်သာရများကတော့ လူတန်းစားကွာဟမှု ပြသနာများ၊ နိုင်ငံရေး ဖိနှိပ်မှု၊ စီးပွားရေးမညီမျှမှုများနှင့်
အလုပ်သမားလူတန်းစား၊ အောက်ခြေလူတန်းစားများရဲ့ဘ၀၊ အရင်းရှင်စနစ် ဆန့်ကျင်မှု၊ အစရှိတဲ့ အကြောင်းအရာတွေကို အခြေခံပြီး သီဆိုလေ့ရှိပါတယ်။
..............
၁၉၇၀ နှောင်းပိုင်းမှာဘဲ The Sexpistols ဆိုတဲ့ တီးဝိုင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ပြိုကွဲခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဂျာနယ်တွေ၊
သတင်းစာတွေ နှင့် တစ်ခြားသော မီဒီယာတွေ တော်တော်များများမှာ
Punk သေသွားပြီ၊ (Punk is dead) ဆိုပြီး အမျိုးမျိုးသမုတ်ကြပါတယ်။
အဲ့ဒီနောက် ၁၉၈၀ ပြည့်နှစ်အစောပိုင်းကာလ လောက်မှာဘဲ “The Exploited” လို့ခေါ်တဲ့ အင်္ဂလန်နိုင်ငံမှ Street Punk တီးဝိုင်းတစ်ဝိုင်း
ပေါ်ထွက်လာခဲ့ပြီး ပထမဆုံး Single album ဖြစ်တဲ့ Punk Not Dead ဆိုတဲ့ အယ်လ်ဘမ် တစ်ချပ် ကို စတင်ထုတ်ခဲ့ပြီးတော့ Punk လောကကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အပြိုင်အဆိုင်တီးဝိုင်းတွေ အမျိုးမျိုးပေါ်ထွက်လာခဲ့ကြပြီးတော့ Punk လှုပ်ရှားမှု ပိုမိုအားကောင်းလာစေခဲ့ပါတယ်။
..................
အဲ့ဒီနေရာမှာ ကျွန်တော်တစ်ခုပြောချင်တာက (၁၉၇၆ မှ ၁၉၈၀) မတိုင်ခင်အချိန်ထိ ပေါ်ထွက်လာခဲ့ကြတဲ့ Punk လှုပ်ရှားမှုတွေကို First wave punk ပထမ လှိုင်း Punks တွေလို့ခေါ်ဝေါ်ကြပြီး၊ ၁၉၈၀ မှ နောက်ပိုင်းကာလများထိ ပေါ်ပေါက်လာခဲ့ကြတဲ့ Punk လှုပ်ရှားမှုတွေကိုကျတော့ Second wave punk
ဒုတိယလှိုင်း Punk တွေလို့ခေါ်ဝေါ်ခဲ့ကြပါတယ်။ ပြီးတော့ Second wave punk တွေကို Street Punk ရဲ့ အစ Punk သမားတွေအဖြစ်သတ်မှတ်ကြပါတယ်။
....................
Mohawk တွေ၊ Studs တွေ ရိုက်နှိပ်ထားတဲ့ လည်သာဂျာကင်တွေ၊ Spikes တွေနဲ့ အမေရိကန် စစ်ဖိနပ်ရှည်တွေ ၀တ်စားဆင်ယင်ကြပြီး ဂီတပုံစံတွေ ဆိုရင်လည်း ပထမ လှိုင်း Punk တွေနဲ့ တော်တော်ကို ကွဲပြားခဲ့ပါတယ်။ အဲ့ဒီ ပထမ လှိုင်း Punk (first wave punk) ဒုတိယ လှိုင်း Punk (second wave punk) တွေကို အခြေခံပြီးတော့ဘဲ ၁၉၈၀ နောက်ပိုင်းမှာတော့ အခြားအခြားသော Punk ဂီတပုံစံကွဲ အသစ်တွေ ဖြစ်တဲ့ Post Punk, Emo, Horror, Skate Punk, Psychobilly, new wave အစရှိတဲ့ Punk မျိုးကွဲပေါင်းမြောက်များစွာ ပေါ်ပေါက်လာခဲ့ပြီးတော့ ယနေ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံမျိုးစုံကို နည်းအမျိုးမျိုးနဲ့ ၀င်ရောက်ခဲ့ပြိးတော့ Punk ဆိုတာ လူငယ်တွေကြားမှာ စီးမျောခဲ့ပါတယ်။
-Rebel-
Credit ko kyaw
Tuesday, October 13, 2015
PuNk History
Labels:
book
Subscribe to:
Post Comments (Atom)
No comments:
Post a Comment