Monday, October 12, 2015

"ပြည့်တန်ဆာတစ်​ယောက်လည်း ချစ်တက်တယ်မောင်"်

ပြည့်တန်ဆာတစ်​ယောက်လည်း
ချစ်တက်တယ်မောင်
ခေါင်းပုံအထပ်ထပ်ဖြတ်ခံပီးမှ
ရလာတဲ့ ရှိစုမဲ့ပိုက်ဆံနဲ့
မောင်ပူဆာတဲ့ ဟမ်းဖုန်းဝယ်ပေးဖို့
ကျမလက်မတွန့်ခဲ့ဖူးမောင်
အရက်မူးလာတိုင်းတော့
ကျမကို"အပျက်မ"လိုမဆဲပါနဲ့
စားဝတ်နေရေးသက်သက်အတွက်
မိသားစုကို ဖာခံကျွေးနေပေမယ့်
ကျမက အင်မတန်ယဉ်ကျေးချင်သူပါ မောင်
ဒါဟာသိပ်ရယ်စရာကောင်းတဲ့ပျက်လုံးလို့
မောင်တို့ လူ့အဖွဲ့အစည်းကြီးက
ဟားတိုက်ချင် တိုက်လိမ့်မယ်
"အချစ်နဲ့ လိင်ဆက်ဆံရေးကို"
ကျမတို့လိုတိတိကျကျ ခွဲခြားနိုင်လောက်အောင်တော့
မယဉ်ကျေးကြောင်းဝန်ခံပါမောင်
ခပ်ရွှတ်ရွှတ်ပြောတယ်ပြောပြော
ကျမတို့က
လူမျိုးရေးမခွဲခြားဘူးမောင်
ဘာသာရေးမခွဲခြားဘူးမောင်
အိပ်ခန်းထဲရောက်ရင်
အားလုံးဟာ
ဖောက်သည်တွေအဖြစ်
သွေးချင်းနီးရပါတယ်
ကျမတို့လောက်မယဉ်ကျေးကြောင်း
ထပ်ဝန်ခံပါမောင်
လူ့ဂုဏ်သိက္ခာ ကို
အပေါ်ယံလူနေမှုအဆင့်အတန်းအလိုက်
ခွဲခြားဆက်ဆံမှုတံတိုင်းတွေနဲ့
အထပ်ထပ်ကာရံထားကြပေမယ့်
အိပ်ခန်းထဲရောက်ရင်
ိအဆီတဝင်းဝင်း ရာဂတပြင်းပြင်း
လူကြီးလူကောင်းတွေမျက်နှာကို
သိပ်မြင်စေချင်တာပဲမောင်
သူတို့ဂုဏ်သိကာဆိုတာ
ကျမတို့ စအိုဝကိုတံတွေးဆွတ်
မဖွယ်မရာလုပ်ချင်ကြသေးတာမောင်
ကျမ သိပ်ရိုင်းသွားလား
"ဟုတ်တယ်မောင် အမှန်တရားတွေက
အဲ့သလို ခပ်ရိုင်ရိုင်းတွေများတယ်"
ဒီစနစ် ဒီခေတ် ဒီလူတွေနဲ့
ဒီယဉ်ကျေးမှုတွေကြားထဲမှာ
ကျမလိုမိန်းမအတွတ်
မျော်လင့်ချင်များများ မရှိဘူးမောင်
စားဝတ်နေရေးအတွက် ပိုက်ဆံနည်းနည်းရယ်
မောင့်မေတ္တာနဲ့ စာနာမှုနည်းနည်းရယ်
အရည်အသွေးကောင်းတဲ့
ကွန်ဒုံးတွေရယ်ပဲ လိုပါတယ်
အဖမ်းအဆီးကြမ်းတဲ့ကာလတွေမှာတော့
ပိုက်ဆံတွေခဏခဏမတောင်းပါနဲ့လားမောင်ရယ်
မောင့်မျက်နှာမကောင်းရင်
ကျမ စိတ်ညစ်တာပဲ
တရားဝင်မဟုတ်တဲ့
ကျမတို့စီးပွားရေးမှာ
စိန်ခေါ်မှုတွေများတယ်
ခေါင်ကြေးနဲ့ရဲကြေးနှုတ်ရင်
မိတ်ကပ်ဖိုးတောင်မကျန်ဘူးမောင်
ပြည့်တန်ဆာဆိုတာ
ပျော်လို့လုပ်တာပြောကြသူတွေ
ကျမတို့နေရာ
တလလောက်သာ
နေကြည့်စမ်းစေချင်တယ်မောင်
အဟာရဆာလောင်မွတ်သိပ်မှုသက်သက်ကိုပဲ
ဖြေရှင်းနေရတာမဟုတ်တဲ့ ဘဝမှာ
အရင်းကြီးကြီးရယ်လို့
ခန္တာကိုယ်တခုသာရှိတော့လဲ
ပြတ်ပြတ်သားသား
ချခင်းရတာတော့ပေါ့မောင်
လိုအပ်ချက်တွေများသလောက်
ရွှေးချယ်စရာ အခွင့်အလမ်းတွေ
နည်းပါးလွန်းလှပါလား ရယ်လို့မှ
နားမလည်နိုင်အောင်
နုံအတဲ့သူတို့ကို
ကျမအများကြီး ရှင်းမပြချင်တော့ဘူးမောင်
မောတယ်...
ဒီလိုလူတွေဆီက
လူသားချင်းစာနာထောက်ထားမှု
အကာအကွယ်တွေ
မမျှော်လင့်ပါဘူးမောင်
မောင်အနိုင်မကျင့်ရင်နေပျော်ပီ
သစ္စာမလိုဘူးမောင်
ချစ်ပေးရုံနဲ့ ကျေနပ်ပီ
မေတ္တာကိုနားမလည်ရင်နေပါစေ
ပြည့်တန်ဆာတယောက်လည်း
ချစ်တက်ပါတယ်လို့
မောင့်ကိုပဲ
အခါခါရှင်းမပြရတောင်
လူဖြစ်ရကျိုးနပ်ပီမောင်...

No comments:

Post a Comment