Tuesday, October 13, 2015

(>‿◠)✌

ကျွန်တော်တို့ ဂီတနဲ့ အနီးစပ်ဆုံးပြောပါဆိုရင်တော့ Hip-Hop လို့ပဲပြောရမယ်။
ပွင့်ပွင့်လင်းလင်း ကိုယ့်ရဲ့အမြင်တွေ၊ ခံစားချက်တွေကို ချပြတယ်။ Street Life ယဉ်ကျေးမှုချင်းလည်းတူတယ်။
...............
(တစ်ခုတော့ ရှိတယ် ရေပေါ်ဆီ Hip-Hop သမားတွေကိုတော့ ဆိုလိုတာမဟုတ်ဘူး။)
အောင်မြင်မှုတွေ၊ ငွေကြေးတွေထက် မိမိတို့ရဲ့ လူအဖွဲ့အစည်းအပေါ် သုံးသပ်ချက်တွေ၊ မတရားမှုအမြင်တွေ၊ ရဲတွေရဲ့ အကျင့်ပြတ်မှုတွေနဲ့ လူငယ်နဲ့ လွတ်လပ်မှုတွေအကြောင်းကို အသားပေးတဲ့ Hip-Hop မျိုးတွေကို ကျွန်တော်အရမ်းကြိုက်ပါတယ်။
............
ကျွန်တော်ကတော့ ဂီတမခွဲခြားဘူး အကုန်နားထောင်ပါတယ်။
အထူးသဖြင့် တော်လှန်ရေးအမြင်ရှိတဲ့ သီချင်းတွေကိုပိုမိုကြိုက်ပါတယ်။
ကျွန်တော်ကြိုက်နှစ်သက်မိတဲ့ သီချင်းတွေ ဘာတွေနဲ့ပဲ တီးထားပါစေ.. ဂရုစိုက်မှာမဟုတ်ပါဘူး။ CD ခွေဖွင့်ပြီးဆိုကြလည်း ကြိုက်မှာပါပဲ။
ကျွန်တော်ကြိုက်တာ သူတို့ရဲ့ ရင်ဘတ်၊ နှလုံးသားထဲက လာတဲ့ခံစားမှုကိုပါ။
ဂီတကို ဖန်တီးတဲ့ အပေါ်ယံပစ္စည်းတွေ မဟုတ်ပါဘူး။
.............
ကျွန်တော့် တစ်ကိုယ်တော်အရ ကျွန်တော့်ရှေ့မှာ ဂီတနဲ့ပတ်သတ်ရာ ပစ္စည်းတစ်ခုခုကို ကျွမ်းကျင်တတ်မြောက်စွာတီးပြ၊ ဆိုပြနိုင်လည်း ကျွန်တော်အထင်ကြီးမှာ မဟုတ်ပါဘူး။
သူ့ရင်ထဲက ဖော်ပြမှုကိုသာ အဓိကထားတာပါ။
ဂီတာကြီး ကျွမ်းပြန်အောင်တီးပြီး နှာဘူးသီချင်းတွေ ဆိုပြတတ်တဲ့ လူထက်၊
တော်လှန်ရေးအမြင်ရှိတဲ့ ခံစားမှုကိုသာ ကြိုက်တာပါ။
................
ဂီတကို ခွဲခြားပြီး ဆက်ဆံတဲ့လူတွေကိုလည်း အမြင်ကျဉ်းမြောင်းတဲ့
ဂီတဖက်ဆစ်သမားတွေလို့မြင်ပါတယ်။

No comments:

Post a Comment